• Linked In
  • Twitter link
  • Facebook Link
  • Google Plus

Monday, January 12, 2026

Smart ကျကျ ငြင်းနည်း (၃) မျိုး

January 12, 2026 // by Sayar Setpaing // // No comments

 


Smart ကျကျ ငြင်းနည်း (၃) မျိုး

"ငါ့ကို ၅ သောင်းလောက် ခဏလှည့်ပေးပါလား၊ လကုန်ပြန်ပေးမယ်"
ဒီစကားကြားရင် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားကြတယ်မလား?
ပေးလိုက်ရင်လည်း ပြန်ရဖို့ မသေချာ။
မပေးရင်လည်း "နင့်မှာ ရှိလျက်နဲ့" ဆိုပြီး အမုန်းခံရမယ်။
ဒါကြောင့် စိတ်မညစ်ရအောင် "Smart ကျကျ ငြင်းနည်း (၃) မျိုး" ကို ဝေမျှပေးလိုက်ပါတယ်။

၁။ "The Budget Wall" (ဘတ်ဂျက်ကို အကြောင်းပြပါ)
"ဟာ... ငါလည်း ဒီလ အိမ်စရိတ်တွေများနေလို့ လက်ထဲမှာ ဘာမှမကျန်တော့ဘူးဟယ်။ ငါ့အခြေအနေ နင်သိပါတယ်"
(ကိုယ့်မှာ ငွေမရှိကြောင်း ပြောတာ မဟုတ်ဘဲ၊ ပိုငွေ မရှိကြောင်း ပြောတာမို့ လိမ်ရာမရောက်ပါဘူး)

၂။ "The Delay Tactic" (အချိန်ဆွဲပါ)
"ငါ အိမ်ပြန်ရောက်မှ ပြန်ကြည့်ပေးမယ်နော်" (သို့) "ငါ အမျိုးသားကို မေးကြည့်လိုက်ဦးမယ်"
(ချက်ချင်း မဆုံးဖြတ်ပါနဲ့။ တစ်ရက်လောက် ကြာသွားရင် တစ်ဖက်လူက တခြားနည်းလမ်း ရှာသွားတတ်ပါတယ်)

၃။ "The Non-Monetary Help" (ငွေမဟုတ်သော အကူအညီ)
"ပိုက်ဆံတော့ အဆင်မပြေလို့... တခြား ငါကူညီလို့ရမယ့် ကိစ္စရှိရင် ပြောနော်"
(ဒါက ရှင့်ရဲ့ မေတ္တာကို ပြသရာရောက်ပြီး၊ ငွေကြေးစည်းကိုတော့ တားပြီးသား ဖြစ်သွားပါတယ်)
သတိရပါ...

ကိုယ့်မိသားစု ထမင်းနပ်မှန်ဖို့က ရှင့်ရဲ့ ပထမတာဝန်ပါ။
သူများအဆင်ပြေဖို့ ကိုယ့်မိသားစုကို ဒုက္ခပေးတာ "ရိုင်းပင်းတာ" မဟုတ်ပါဘူး၊ "မိုက်မဲတာ" ပါ။


လုပ်ငန်းခွင်မှာ အထက်လူကြီးတွေ ကြိုက်အောင် ဘယ်လိုလုပ်ရမလဲ

January 12, 2026 // by Sayar Setpaing // // No comments

 


လုပ်ငန်းခွင်မှာ အထက်လူကြီးတွေ ကြိုက်အောင်
ဘယ်လိုလုပ်ရမလဲ

လုပ်ငန်းခွင်မှာ အထက်လူကြီးတွေဖြစ်တဲ့ ကိုယ့်ရဲ့ department headတွေဖြစ်စေ ၊ managerတွေဖြစ်စေ ၊ သူဌေးဖြစ်စေ မိမိရဲ့ လုပ်ရည်ကိုင်ရည်ကို ကြိုက်နှစ်သဘာကျအောင် ဘယ်လိုတွေလုပ်ဆောင်သင့်တယ် ဆိုတာကို မျှဝေပေးပါ့မယ်။ဘာတွေ လုပ်ဆောင်ရမလဲဆိုတော့

(1)လူကြီးက 100လိုချင်ရင် ကိုယ့်က 120အထိရအောင်လုပ်မယ်ဆိုတဲ့ စိတ်ထားခြင်း
မိတ်ဆွေကို အထက်လူကြီးက တခြားမိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အလုပ်ခိုင်းတဲ့အခါ မိတ်ဆွေက သူများတွေလိုပဲ အုတ်ရောရော ကျောက်ရောရောလုပ်နေရင် မိတ်ဆွေကို ဘယ်လူကြီးကမှ ပိုတော်တယ်ဆိုပြီ မမြင်နိုင်ပါဘူး မိတ်ဆွေက လူကြီးမျှော်မှန်းတာထက် ပိုပြီးကောင်းအောင် ပိုပြီးအဆင်ပြေအောင် ပိုပြီးလွယ်လွယ်ကူကူ လုပ်လို့ရအောင်ဖြစ်စေ နောက်ထပ် 20%ပိုကောင်းအောင် ပြုလုပ်ပေးခြင်းဖြင့် သင်ဟာပိုပြီး တခြားသူတွေထက် လူကြီးသူဌေးက ဒီဝန်ထမ်း မဆိုးဘူး ဆိုပြီး တွေ့မြင်မှာဖြစ်ပါတယ် ဥပမာ အနေပြောရရင် တကယ်လို့ မိတ်ဆွေက area sales managerဖြစ်တယ်ဆိုပါဆို့ မိတ်ဆွေအပေါ်က regional sales manager နဲ့ Divisional sales manager , national sales managerတွေကို မိတ်ဆွေက ကိုယ့်ရဲ့ areaမှာ ရှိတဲ့ မြို့နယ်အလိုက် အခြေအနေ ဒီထဲမှာ အရောင်းsalesတွေကော market conditionတွေကော စတာတွေကို presentationပြရတော့မယ်ဆိုရင် မိတ်ဆွေက တခြား area sales managerတွေထက်သာအောင် ကိုယ့်ရဲ့ presentationကို ပြတဲ့အခါ ငါသာလူကြီးဆိုရင် ဘယ်dataတွေကို စိတ်ဝင်စားလဲ ဘယ်လိုသုံးသပ်ချက်တွေကို လိုချင်လဲ စသဖြင့် အထက်က ဘယ်လိုပုံစံတွေလိုချင်လဲကို သေချာစမ်းစစ်ပြီး ရိုးရှင်းလွယ်ကူပြီး ရှုင်းရှုင်းလင်းလင်းမြင်တဲ့ slideတွေပြုလုပ်ကာ presentationပြမယ်ဆိုရင် မိတ်ဆွေက တခြားသူတွေထက်ပိုပြီး လူကြီးက သဘောကျမှာဖြစ်ပါတယ်။ဒါကြောင့် လူကြီးလိုချင်တာထက် ပိုကောင်းအောင် ဘယ်လို လုပ်ဆောင်ပေးလို့ရမလဲဆိုတဲ့ စိတ်ကိုအမြဲထားရမှာဖြစ်ပါတယ်။

(2)Daily ,monthly , quarterly Report တွေကို သေချာပေးခြင်း
မိတ်ဆွေရဲ့ အထက်လူကြီးတွေက သင့်ကို နေ့တိုင်း ဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာကို အမြဲလိုက်မကြည့်နိုင်ပါဘူး သင်ဘာလုပ်တယ် ဘယ်လိုကြိုးစားလဲဆိုတာကို သင့်ရဲ့ daily report နဲ့ monthly reportတွေကပဲ အကဲဖြတ်သုံးသပ်တယ်ဆိုတာကို မိတ်ဆွေနားလည်ထားဖို့လိုပါတယ် မိတ်ဆွေက groundမှာ ဘယ်လောက်ပဲ ချွေးပြန်နေအောင်လုပ်ပါစေ မိတ်ဆွေက report ကိုသေချာမပေးရင် အထက်လူကြီးတွေက မိတ်ဆွေ အလုပ်သေချာမလုပ်ပဲ ဝေလေလေလုပ်နေတယ်ပဲ ယူဆမှာဖြစ်ပါတယ်။ဒါကြောင့် daily reportတွေကို ပြီးပြီးရော ရေးတင်တာတွေမလုပ်ပဲ သေချာ ဘာတွေလုပ်တယ် စျေးကွက်ထဲဘာတွေပြောင်းလဲပြီးတွေ့ရတယ် customerတွေက ဘာတွေပြောလဲ competitorsတွေဘာတွေလုပ်နေကြတယ် ကိုယ့်က ဒီနေ့ ဘယ်လောက်ထိကို targetပေးထားတာ လုပ်နိုင်တယ်တိုတာကို သေချာရေးတင်ပေးရင် မိတ်ဆွေreportကို လူကြီးကဖတ်ပြီး ဒီကလေး အလုပ်သေချာလုပ်ပြီး သေသေသပ်သပ် reportလေးကို တင်ပေးပြီး တခြားလူတွေထက်အလုပ်ကြိုးစားပါလားဆိုပြီး မြင်မှာဖြစ်ပါတယ်။

(3)ဘယ်တော့မှ အထင်နဲ့ မလုပ်နဲ့
လုပ်ငန်းခွင်မှာ အလုပ်လုပ်တဲ့အခါ ဘယ်တော့မှ ကိုယ့်စိတ်ထင်တဲ့ အထင်နဲ့ ဘယ်တော့မှာ မလုပ်ပါနဲ့ ကိုယ်ထင်တာလျှောက်လုပ်မိလို့မှားရင် ကိုယ်ပဲခေါင်းခံရမှာဖြစ်ပါတယ် ဒါကြောင့် ကိုယ်လုပ်ရမယ့်အလုပ်သေချာမသိရင် အထက်လူကြီးကိုဖြစ်စေ သက်ဆိုင်တဲ့သူတွေကို ဖြစ်စေ သေချာမေးမြန်ပြီးမှာ စေ့စေ့စပ်စပ်လုပ်ဆောင်တက်တဲ့ အကျင့်ကို မွေးမြူရမှာဖြစ်ပါတယ် ဒါမှလူကြီးက ဒိကလေးက သေသေချာချာ စေ့စေ့စပ်စပ်လုပ်ဆောင်တက်ပါလား ဆိုပြီး မြင်မှာဖြစ်ပါတယ် ဒါကြောင့် သေချာကိုယ့်မသိရင်ပြန်မေးဖို့ မကြောက်ပါနဲ့လို့ပြောချင်ပါတယ်။

(4)ပူပေါင်းပါဝင် ဆွေးနွေးပါ
လုပ်ငန်းခွင်မှာ အထက်လူကြီးတွေနဲ့ ဖြစ်စေ meetingတွေလုပ်ပြီး ဆွေးနွေးတိုင်ပင်တဲ့အခါ မိတ်ဆွေက ဝင်ရောက်ဆွေးနွေးဖို့ မကြောက်ပါနဲ့ ကိုယ်က ကောင်းစေချင်လို့ ဝင်ဆွေးနွေးတာဖြစ်တဲ့အခါ လူကြီးကလည်း ဒါကို အသိအမှတ်ပြုမှာဖြစ်ပါတယ် တခြားmeetingမှာ အမြဲတမ်း ပါးစပ်ပိတ်နေတဲ့သူတွေထက်စာရင် မိတ်ဆွေအမြဲဝင်ဆွေနွေးရင် မိတ်ဆွေဟာ အလုပ်အပေါ် စိတ်ပါတယ် စေတနာရှိတယ် ပြောရဲဆိုရဲတယ် ကြိုးစားချင်တယ်ဆိုတာကို လူကြီးစိတ်ထဲမြင်လာမှာဖြစ်ပါတယ်။နောက်လုပ်ငန်းမှာ corporate traingတွေပေးတဲ့အခါဖြစ်စေ မိတ်ဆွေက အမေးအဖြေတွေဝင်ဆွေးနွေသင့်ပါတယ် ဒါမှ ကိုယ့်မသိတာတွေကို ဆရာစီကသေချာသိနိုင်သလို အဲ့လိုဝင်ဆွေးနွေးတဲ့ ဝန်ထမ်းတွေကို လူကြီးတွေကပိုကြိုက်ပါတယ်။

(5)အလုပ်အမြဲနောက်ကျခြင်း နဲ့ ပျက်ခြင်းကို ရှောင်
ရှေ့ကပြောခဲ့တဲ့ဟာတွေ ဘယ်လောက်ပဲကောင်းအောင်လုပ်ပါစေ မိတ်ဆွေက ခဏခဏ အလုပ်ပျက်လိုက်နောက်ကျလိုက်ဖြစ်နေရင် မိတ်ဆွေရှေ့က လုပ်ထားတာတွေ အလကားဖြစ်သွားမှာဖြစ်ပါတယ် ဒါကြောင့် အလုပ်ကို အမြဲမှန်ပြီး နောက်မကျအောင်ကြိုးစားမှ မိတ်ဆွေက အလုပ်လည်းမပျက်ဘူး နောက်လည်း မကျဘူးဆိုပြီး လူကြီးကသဘောကျမှာဖြစ်ပါတယ်။

(6)Kpiတွေ ပြည့်အောင်လုပ်ခြင်း
ဒီအချက်ကတော့ အရေးအကြီးဆုံးဖြစ်ပါတယ် လုပ်ငန်းက ချမှတ်ထားတဲ့ Kpiတွေကို ပြည့်မှီအောင် သေချာကြိုးစားရပါမယ် sales managerဆိုရင်လည်း အရေးကြီးkpiဖြစ်တဲ့ sales targetကို သေချာထိအောင်ပြုလုပ်ရမှာဖြစ်ပါတယ်။

အထက်ပါပြောပြထားတဲ့ အချက်တွေအားလုံးကို သေချာလုပ်ရင် မိတ်ဆွေ လစာတိုး ရာထူးတိုးတာကို အချိန်မြန်မြန်နဲ့ ရရှိမှာဖြစ်ပါတယ် ဒီလိုဖြစ်ဖို့ မိမိအတွက်လိုအပ်တဲ့ skill နဲ့ knowledgeတွေကို ဖြည့်ဆည်းထားဖို့တော့လိုပါတယ်။

ရှောင်နေလိုက်ပါ မိတ်ဆွေ

January 12, 2026 // by Sayar Setpaing // // No comments

 


ရှောင်နေလိုက်ပါ မိတ်ဆွေ

သူ့စိတ်ဓါတ်ကို ကိုယ်သိရပြီဆိုရင်တိုက်ရိုက် သွားမပြောနဲ့။
မသိသလို နေပေးပြီးတော့နောက်ဆို ကိုယ်က ရှောင်နေလိုက်ပါ။
သူ့အကျင့်ကို ရိပ်မိနေပြီမလား?သွားပြီး ပေါက်ကွဲ မပြနဲ့။
မသိသလို နေပေးပြီးနောက်ဆို ကိုယ်ကဆင်ခြင်လိုက်ပါ။
နင်ကဘယ်လို ငါကဘယ်လိုဆိုပြီး စကားလုံးတွေနဲ့ စစ်တိုက်နေဖို့မလိုပါဘူး။
ရိုးသားချင်ယောင်ဆောင်နေတဲ့ သူ့အကြောင်းကို ကိုယ်က နားလည်နေပြီမလား?
ဆက်ပြီး အပေါင်းအသင်း မလုပ်နဲ့။ တဖြည်းဖြည်း ရှောင်နေလိုက်ပါ။
ရှေ့ဆက်သွားရင် ကိုယ့်ကိုပါ ထိခိုက်စေနိုင်တာမို့ပါ။
တစ်ခါတစ်လေတော့ ကိုယ်သိတဲ့ အရာတစ်ခုဟာ
ကိုယ်စိတ်ထဲမှာ မှတ်သားထားဖို့ပဲလိုတာပါ။
လုံးဝ မပတ်သက် မဆက်ဆံရဘူးလို့မပြောလိုဘူး။
မဖြစ်သာလို့ ဆက်ဆံနေရအုံးမယ်ဆိုရင်လည်း
ကိုယ်ပေါင်း စိတ်ခွာနဲ့ ပေါင်းသင်းနိုင်ပါတယ်။
ရိုးသားချင်ယောင်ဆောင် သဘောကောင်းသလို ဟန်ပြ
ကွယ်ရာမှာ နောက်ကောက်ချနင်း ကိုယ့်ရဲ့ မကောင်းသတင်းကို
အလံတလူလူလို လေလွှင့် ခွင့်ရရင် ရသလိုဖဲ့ညှစ်
အရာရာကို သူ့အပြစ်မဟုတ်ဘူးလို့
ဟန်ဆောင်ကာ မျက်နှာဖုံး စွပ်ထားတဲ့လူမျိုးကို
ဒီတစ်သက် သင်တွေ့ဆုံခဲ့ရင် ကင်းနိုင်သလောက် ရှောင်ဖယ်ကာ နေလိုက်ပါ။
မျက်နှာဖုံးနဲ့လူတွေကို ရှောင်ရင်းအပေါင်းအသင်းနည်း လာလည်းကျေနပ်တယ်။
ဟန်ဆောင်ကောင်းသူတွေနဲ့တော့ကိုယ်ပေါင်းစိတ်ခွာပေါ့ ။
ဆရာအောင်သင်းစာပေ

တောင်းပန်ပါတယ် အဖေ

January 12, 2026 // by Sayar Setpaing // // No comments

 


တောင်းပန်ပါတယ် အဖေ
**************
တောင်းပန်ပါတယ် အဖေ...
အမေ့နို့ဖိုး ကြီးမားပုံကို
တဖွဖွ ပြောနေပေမယ့်
အဖေ့ချွေးဖိုးကို
တသသ သတိမရခဲ့လို့။
တောင်းပန်ပါတယ် အဖေ...

ရိုက်နှက်ပြီး
ဆုံးမတတ်တဲ့ အဖေ့ထက်
ဂရုစိုက်ပြတဲ့ အမေ့ကို
ပိုပြီး အလေးသာခဲ့မိလို့။
တောင်းပန်ပါတယ် အဖေ...

ခူးခပ်ကျွေးမွေးတဲ့
အမေ့လက်ကို ဖမ်းဆုပ်ထားပြီး
ပင်ပန်းဆင်းရဲစွာ ရုန်းကန်ရှာဖွေပေးခဲ့တဲ့
အဖေ့ကျေးဇူးကို အရေးမထားခဲ့မိလို့။
တောင်းပန်ပါတယ် အဖေ...

အမေ့အကြိုက်ကိုသာ
ဂရုတစိုက် ပြုစုပေးပြီး
အ ဖေ့ ကို ဂရုမစိုက်ဘဲ လစ်လျူရှုခဲ့မိလို့။
တောင်းပန်ပါတယ် အဖေ...

အ မေ နဲ့ သာ
တီးတိုးအဖော် ဖြစ်ခဲ့ပေမယ့်
အ ဖေ့ ကို
မေးထူးခေါ်ပြောသာ ရှိခဲ့မိလို့။
တောင်းပန်ပါတယ် အဖေ...

အလွန်ချစ်ပြခဲ့တဲ့ အမေ့ကို
ပိုချစ်ပြီး
အချစ်မပြဘဲ လျို့ဝှက်ထားတဲ့ အဖေ့ကို
တန်းတူ မချစ်ခဲ့မိလို့။
တောင်းပန်ပါတယ် အဖေ...

ယောက်ျားရင့်မာကြီးပဲဆိုပြီး
အသားမာတက်နေတဲ့ အဖေ့ပခုံးကို
တွဲထူပေးဖို့ မတွေးခဲ့သလို
ကြမ်းတမ်းကွဲရှနေတဲ့
အဖေ့ခြေထောက်တွေက
စားဝတ်နေရေးအတွက်
ဘယ်လိုခရီးဆက်ခဲ့ရလဲဆိုတာကို
တစ်ကြိမ်တစ်ခါမှ မမေးခဲ့မိလို့။
အဖေရှိနေသေးတဲ့သူများ
အဖေမရှိတော့မှ
မိုက်နောင်တ မရကြရလေအောင်
အဖေရှိတုန်းလေးမှာ
အဖေ့မေတ္တာ အဖေ့စေတနာကို
နားလည်ပြီး
အဖေ့ကျေးဇူး ဆပ်နိုင်ကြပါစေ...

လူညာကြီး နှစ်ယောက်

January 12, 2026 // by Sayar Setpaing // // No comments

 


သားသမီးအတွက်ဆိုညာရဲတယ်
မစားရသေးပေမယ့်
"ငါတို့စားပြီးပါပြီ"
"နင်တို့ပဲ ဝအောင်စားစမ်းပါ"ဆိုပြီး
ညာပြောတတ်တာ
အဖေနဲ့အမေပါ။

လက်ထဲတစ်ပြားမှမရှိပေမယ့်
"ငါတို့မှအသုံးမလိုတာ
အသုံးစရိတ်များတဲ့
နင်တို့ပဲလောက်အောင်သုံး"ဆိုပြီး
ညာပြောတတ်တာ
အဖေနဲ့အမေပါ။

သူများမိဘတွေလို
သပ်သပ်ရပ်ရပ်လေး
ဝတ်ဆင်ချင်ပေမယ့်
"ငါတို့ကတစ်စုံကောင်းရှိရင် ရပါပီအေ"
"နင်တို့သားသမီးတွေကိုသာလှအောင်ဆင်ကြ" ဆိုပြီး
ညာပြောတတ်တာ
အဖေနဲ့အမေပါ။

အသည်းခိုက်အောင်
ဝေဒနာတွေ ခံစားနေရပေမယ့်
သားသမီးတွေ စိတ်ဆင်းရဲမှာစိုးလို့
"သက်သာပါတယ်အေ" လို့
ညာပြောတတ်တာ
အဖေနဲ့အမေပါ။

မိသားစုဝမ်းစာအတွက်
ပင်ပန်းစွာရှာဖွေနေရပေမယ့်
သားသမီးးတွေ မစားရက်မှာစိုးလို့
"မပင်ပန်းပါဘူးအေ"လို့
ရွှင်လန်းစွာ ညာပြောတတ်တာအဖေနဲ့အမေပါ။

သား၊သမီးအတွက်ဆို
ဆန္ဒတွေကိုမျိုသိပ်
ရင်ထဲမှာ ကြိတ်မှိတ်ခံစားခဲ့ရတဲ့
အဖေနဲ့အမေကို
ပြန်လည်ကျေးဇူးဆပ်ကြပါ။

January 12, 2026 // by Sayar Setpaing // , // No comments

 


ပိုက်ဆံသည် ဆူညံသံကို ကြောက်သည်


ဘဏ်မှာ ဘာ့ကြောင့် သီချင်းမဖွင့်ရလဲ သိချင်နေလိမ့်မယ်။ အဘယ်ကြောင့်ဆိုသော် ငွေသည် ဆူညံသံကို ကြောက်သောကြောင့် ဖြစ်သည်။

ဂီတသံတွေ ဆူညံနေတဲ့ ကလပ်တွေမှာ သန်းကြွယ်သူဌေးတွေကို တစ်ခါမှ မတွေ့ဖူးဘူး။ သူတို့သည် ဂျက်ဇ်ဂီတ နည်းပါးသော နေရာများတွင် ထိုင်ကာ စီးပွားရေး သဘောတူညီချက်များကို ဆွေးနွေးကြသည်။

ကျယ်လောင်သော တေးဂီတသံကို ချွေးတလုံးလုံးဖြင့် ကခုန်နေသူများ တွေ့တိုင်း၊ ကလပ်ပိုင်ရှင်မှလွဲ၍ ဘယ်သူမှ ငွေမရှိဘူးဆိုတာ သိလိုက်ရုံပါပဲ။ တစ်စုံတစ်ယောက်သည် သူတို့မည်မျှချမ်းသာသည်ကို ကြွားလုံးထုတ်ပြီး သူတို့၏ ဥစ္စာပစ္စည်းများကို ထုတ်ဖော်ပြသသည့်အခါ ငွေသည် ဆူညံသံကို ကြောက်သောကြောင့် မကြာမီ သူတို့ကို စွန့်ခွာသွားမည်ဖြစ်ကြောင်း သိကြသည်။

ငွေသည် နိမိတ်ဖတ်တတ်သည်။

မိသားစု ရန်ဖြစ်တဲ့အခါတိုင်း ငွေဟာ အတောင်ပံတွေ ပေါက်လာတယ်။ ရုတ်တရက်၊ စိတ်ပျက်စရာများလာပြီး၊ ဆေးရုံတက်ရန် လိုအပ်သည့် ဖျားနာမှုများနှင့် မိသားစုမှ ပိုက်ဆံများကို စုဆောင်းမိသော အခြားကုန်ကျစရိတ်များ ကြုံတွေ့နေရတတ်ပါသည်။

ငွေအတွက် အဆင်ပြေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးချင်ရင် ငြိမ်းချမ်းမှုကို ထိန်းသိမ်းရင်တော့ ငွေက ဆက်ရှိနေမှာပါ။ မလိုအပ်တဲ့ ငြင်းခုံမှုတွေ ရှောင်ကျဉ်ပြီး အပြစ်တင်တာ လျော့ချနိုင်ရင် ငွေရေးကြေးရေးအရ ဆက်လက်တိုးတက်မည်ဖြစ်သည်။


ကိုယ့်ကိုကိုယ် လေးစားအောင်နေနည်း

January 12, 2026 // by Sayar Setpaing // // No comments

 


ကိုယ့်ကိုကိုယ် လေးစားအောင်နေနည်း
```````````````````````````````````
(၁) မင်းကိုမရှာတဲ့သူကို မရှာပါနဲ့။
(၂) အကြွေးနဲ့ကင်းအောင်နေပါ။
(၃) လိုအပ်တာထက် ပိုမပြောပါနှင့်။
(၄) လူတွေက ကိုယ့်ကို မလေးစားတဲ့အခါ သူတို့ကို ချက်ချင်း ဥပေက္ခာပြုထားလိုက်ပါ။
(၅) တခြားသူတွေ စားတာထက် ပိုမစားပါနဲ့ အစားအသောက်ဆင်ခြေပါ။
(၆) သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ။ ကိုယ့်ကိုကိုယ် ပျော် အောင်ထားပါ။
(၇) အခြားသူများအကြောင်း အတင်းအဖျင်းပြောခြင်း ကို ရပ်တန့်ပါ။
(၈) စကားမပြောခင် စဉ်းစားပါ။ လူတွေက မင်းကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ 80% က မင်း ပါးစပ်ကထွက်လာတဲ့ စကားလုံးလေသံတွေပါ။
(၉) အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ သင့်ပန်းတိုင်များ နှင့် အလုပ်ရှုပ်ပါစေ။
(၁၀) အချိန်ကိုလေးစားပါ။
(၁၁) လေးစားတန်ဖိုးထားမှုမရှိတဲ့ နယ်ပယ်ဆက်ဆံရေး မှာ မနေပါနဲ့ နေရာပြောင်းရွှေ့ လမ်းလျှောက်ပါ။
(၁၂) သင့်ကိုယ်သင် ပိုက်ဆံသုံးတတ်ဖို့ အရင်သင်ယူ ပါ။ ဒါမှ လူတွေက မင်းကိုအသုံးပြုဖို့ သင်ယူလိမ့်မယ်။
(၁၃) ဂိမ်းဆော့နေမဲ့အစား စာဖတ်ခြင်းဖြင့်ကိုယ့်အရည် ချင်းတွေမြင့်တင်ပါ။
(၁၄) လက်ခံသူထက်ပိုပြီး ပေးကမ်းသူဖြစ်ပါစေ။
(၁၅) မဖိတ်ခေါ်တဲ့နေရာကို မသွားပါနဲ့။ ဖိတ်ကြား သောအခါတွင် သင်၏ကြိုဆိုမှုကို လွန်ကဲစွာ မပြုပါ နှင့်။
(၁၆) လူတွေကို သူတို့နဲ့ထိုက်တန်တဲ့ ပုံစံအတိုင်း ဆက်ဆံ ပါ။
(၁၇) မင်းမိသားစုကိုအချိန်ပေးနေတာကလွဲရင် တခြား သူ တွေအတွက် အချိန်မဖြုန်းလိုက်နဲ့ ။
(၁၈) ကိုယ်လုပ်တဲ့အရာကို ကောင်းကောင်းလုပ်ပါ။ မင်းဖြစ်ချင်တဲ့ဆန္ဒအကောင်းဆုံးဖြစ်ပါစေ။

ကြက်ဥ-သံပုရာ ဆေးတစ်ခွက်

January 12, 2026 // by Sayar Setpaing // // No comments

 


အားအင်ကုန်ခမ်းမောပန်းခြင်းနှင့် မူးဝေခြင်းကို ချက်ချင်းသက်သာစေမည့်
ကြက်ဥ-သံပုရာ ဆေးတစ်ခွက်

အလုပ်ပင်ပန်း၍ဖြစ်စေ၊ အားအင်ကုန်ခမ်း၍ဖြစ်စေ၊ မူးဝေနေလျှင်ပဲဖြစ်စေ လွယ်ကူစွာ သက်သာပျောက်ကင်းစေမည့် အစွမ်းထက်ဆေးနည်းတစ်လက်ကို မျှဝေပေးပါမည်။

ပါဝင်ပစ္စည်းများ
• ကြက်ဥအစိမ်း - တစ်လုံး
• သံပုရာသီးအမှည့် - တစ်လုံး
• သကြားဖြူ - ဟင်းစားဇွန်း နှစ်ဇွန်း

ဖော်စပ်ပုံ
အထက်ပါပစ္စည်းများကို ဖောက်ထည့်ကာ ရောမွှေပေးပါ။ သံပုရာအစေ့များကို ဖယ်ထုတ်ပါ။ ပါဝင်ပစ္စည်းအားလုံး သမအောင် ရောမွှေပြီး သောက်သုံးပါက အမောအပန်းပြေ၍ အားအင် ပြည့်ဝလာမည် ဖြစ်ပါသည်။

ဤဆေးနည်းမှာ ကျွန်တော့်ဖခင် လက်ဆင့်ကမ်းပေးသည့် တိုင်းရင်းဆေးတစ်လက် ဖြစ်ပါသည်။
သွေးအားနည်းသူများနှင့် သွေးပေါင်ကျတတ်သူများ ပိုမို မှီဝဲသင့်ပါသည်။ အိပ်ရေးပျက်သူများအတွက်လည်း အကောင်းဆုံး အားဆေးတစ်လက်ပင် ဖြစ်သည်။

“အားလုံး ကျန်းမာချမ်းသာကြပါစေ”


သားဥအိမ် ရေအိတ်တွေအတွက်ဆေးနည်း

January 12, 2026 // by Sayar Setpaing // // No comments

 


ခွဲစိတ်ခန်းဝကနေ အံ့ဖွယ်ပြန်လှည့်လာနိုင်ခဲ့တဲ့ကိုယ်တွေ့ဖြစ်ရပ်

 (စေတနာဖြင့် ပြန်လည်မျှဝေခြင်း)


"သားအိမ်ရော၊ သားဥအိမ်ရော အကုန်ထုတ်ပစ်ရမယ်" ဆိုတဲ့ ဘန်ကောက်က ဆရာဝန်ကြီးတွေရဲ့ စကားက ကျွန်မအတွက်တော့ မိုးကြိုးပစ်လိုက်သလိုပါပဲ။ ဒီနေ့မှာတော့ လွန်ခဲ့တဲ့ (၄) နှစ်က ကြုံတွေ့ခဲ့ရတဲ့ အဲဒီအဖြစ်အပျက်နဲ့ ခွဲစိတ်စရာမလိုဘဲ ရေအိတ်တွေ ဘယ်လိုပျောက်ကင်းသွားခဲ့လဲဆိုတာကို စေတနာရှေ့ထားပြီး ပြန်လည်မျှဝေပေးချင်ပါတယ်။

🩺 ဆေးစစ်ချက် ရလဒ်က ပေးခဲ့တဲ့ ထိတ်လန့်မှု
ဘန်ကောက်မှာ ဆေးသွားစစ်တော့ သားဥအိမ် နှစ်ဖက်လုံးမှာ ရေအိတ်တွေ ရှိနေပါတယ်။ တစ်ဖက်က 7 cm၊ နောက်တစ်ဖက်က 6.5 cm တောင် ရှိနေတာပါ။
အသက်အရွယ်အရ ဒီအင်္ဂါတွေက မလိုတော့ဘူးလို့ ဆိုကာ အကုန်ထုတ်ပစ်ဖို့ ဆရာဝန်တွေက တိုက်တွန်းပါတယ်။ (၃) လအတွင်း မခွဲရင် ရေအိတ်လိမ်ပြီး ပေါက်ထွက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း သတိပေးခံခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်မက ခွဲစိတ်ခန်း (၉) ကြိမ်တောင် ဝင်ဖူးသူမို့ နောက်ထပ်တစ်ကြိမ် ထပ်မခွဲချင်တော့ပါဘူး။ ဒါကြောင့် သဘာဝနည်းလမ်းကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

🌿 သဘာဝကပေးတဲ့ ကုထုံးဆန်း
ဆရာမကြီး ဒေါက်တာခင်နွယ်ဝင်း ရဲ့ ဟောပြောချက်တွေကို နားထောင်ရင်း "ဆနွင်းနဲ့ ဆီ" ရဲ့ အာနိသင်ကို သိရှိခဲ့ရပါတယ်။ ရှေးက တိရစ္ဆာန်လေးတွေ ဒဏ်ရာရရင် ဆနွင်းလိမ်းပေးရင် ပျောက်တာကို သတိရပြီး ဒီနည်းလမ်းကို ယုံယုံကြည်ကြည်နဲ့ စမ်းသပ်ခဲ့ပါတယ်။

🥣 ကျွန်မ လက်တွေ့သောက်သုံးခဲ့တဲ့ နည်းစနစ်
ပါဝင်ပစ္စည်းတွေကတော့ အိမ်မှာပဲ ကိုယ်တိုင်ကြိတ်ထားတဲ့ ဆနွင်းစစ်စစ် နဲ့ သံလွင်ဆီ (Olive Oil) တို့ ဖြစ်ပါတယ်။

ဖော်စပ်ပုံ - 
ဆနွင်း (လက်ဖက်ရည်ဇွန်း တစ်ဝက်) + သံလွင်ဆီ (ထမင်းစားဇွန်း တစ်ဇွန်း) ကို သေချာရောစပ်ပါ။
သောက်သုံးပုံ - တစ်နေ့ကို (၂) ကြိမ် သောက်ခဲ့ပါတယ်။
အရေးကြီးသည့်အချက် - အစာရှိမှ သောက်ပါ။ အစာမရှိဘဲသောက်ရင် မူးတတ်ပါတယ်။ သောက်ပြီး နာရီဝက်ကြာမှ ရေသောက်ပေးပါ။

(မှတ်ချက် - သံလွင်ဆီ မရှိပါက နှမ်းဆီစစ်စစ်၊ နှမ်းနက်ဆီ သို့မဟုတ် Cod Liver Oil တို့နဲ့လည်း အစားထိုးနိုင်တယ်လို့ ဆိုပါတယ်)

✨ မယုံနိုင်စရာကောင်းတဲ့ ရလဒ်များ
၁ လအကြာမှာ ပြည်တွင်းမှာ Ultrasound ပြန်ရိုက်ကြည့်တော့ 7cm/6.5cm ရှိတဲ့ ရေအိတ်တွေက 2.5 cm စီပဲ ကျန်ပါတော့တယ်။ ဆရာဝန်မလေးတောင် မယုံနိုင်လို့ အခါခါ ပြန်စစ်ပေးခဲ့ရပါတယ်။
၄ လအကြာ ဘန်ကောက်မှာ ဆေးပြန်စစ်တဲ့အခါမှာတော့ ရေအိတ်တွေ လုံးဝ(လုံးဝ) မရှိတော့ပါဘူး လို့ အဖြေထွက်လာပါတယ်။

ခွဲစိတ်ခန်းအဝကနေ ဒီသဘာဝနည်းလမ်းလေးနဲ့ ပြန်လှည့်လာနိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်ရသလို၊ လမ်းညွှန်ပေးတဲ့ ဆရာမကြီး ဒေါက်တာခင်နွယ်ဝင်းကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အခုချိန်ထိလည်း ကျန်းမာရေးအတွက် တစ်ရက်တစ်ကြိမ် ဆက်သောက်နေဆဲပါ။

ကျွန်မလိုပဲ ဝေဒနာခံစားနေရသူတွေအတွက် အကျိုးရှိစေဖို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့